ခင်ဗျားတို့ အုပ်စုကို ခင်ဗျားတို့ ပဲ ကိုယ်စားပြုပါ။ ကျန်တဲ့လူတွေကို ဆွဲမထည့်ပါနဲ့ ။
-Phone Kyaw
-၁၉.၂.၂၀၁၂
ဝန်ကြီးဦးအောင်မင်းက ပြည်ပအခြေစိုက်အဖွဲ့ အစည်းတွေကို နိုင်ငံရေးဆွေးနွေးတာနဲ့ ပက်သက်ပြီး လူ့ ဘောင်သစ်ဒီမိုကရက်တစ် ပါတီကလည်း နိုင်ငံတကာမှာရောက်နေတဲ့ သူ့ ပါတီဝင်တွေကို အကြံဥာဏ်တွေ ပေးပါဆိုပြီး စာပို့ ပါတယ်။
ဒီကိစ္စနဲ့ ပက်သက်ပြီး ရင်းနှီးတဲ့ လူတွေကပြောတယ်။
" ဘုန်းကျော် မင်းလည်းအကြံပေးပေါ့ကွာ"
" ကျနော်က ပါတီဝင်မှ မဟုတ်တာ ဘာလို့ ပေးရမှာလဲ။ ကျနော်ရဲ့ တန်ဖိုးရှိတဲ့အကြံညာဏ်တွေပေးတော့ကော သူတို့ က ဘယ်နှစ်ခါအသိအမှတ်ပြုပြီး သုံးလို့ လဲ။ အကြံလည်းမပေးဘူး၊ မကြံတာလည်း မပေးချင်ဘူးဗျာ။ ဖြစ်နိုင်ရင် ကိုအောင်မိုးဇော် ဘောကို မနေတဲ့လူတွေနဲ့ ကင်းကင်းပဲ နေချင်တယ်"
ကျနော့်ဘာ့ကြောင့် ဒီစကားကိုပြောတာလဲဆိုတော့ သူတို့ ခေါင်းဆောင်မှု့ ကို လုံးဝအယုံအကြည်မရှိလို့ ပဲ။
ဒါ့ကြောင့်လွန်ခဲ့တဲ့ ၂ဝဝ၇-ခုနှစ်ကတည်းက လူ့ ဘောင်သစ်ဒီမိုကရက်တက်တစ်ပါတီကနေ တရားဝင်ထွက်ခဲ့ပြီးပြီ။
ဘာ့ကြောင့်လဲဆိုတော မရောင်ဆီလူးပြီး နေရာတကာ လိုက်ပြီးချုပ်ချယ်ချင်၊ မရှိမဲ့ ရှိမဲ့ အာဏာတွေကို ပြချင်နေတဲ့ လူ့ ဘောင်သစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို လုံးဝ သဘောမကြလို့ ပဲ။
သူတို့ ခင်ဗျာ- အန်ဒီဒီက ဒေါက်တာနိုင်အောင်နဲ့ မခင်ဥမ္မာကို ထိ ရင် ဆက်ဆက်ထိမခံနိုင်ဘူး။
သူ့ အမေ့လင်နဲ့ မိထွေးများ ထင်နေလားမသိဘူး။
အခုကြည့် ကိုနိုင်အောင်ရဲ့ သမိုင်းကြောင်းကို လှန်ကြည့်။
ပြီးတော့ မခင်ဥမ္မာရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်။ ကောင်းလို့ လား။
ဒီလိုမကောင်းတဲ့လူတွေကို ဆရာတင်ထားတဲ့ ကိုအောင်မိုးဇော်ဦးဆောင်တဲ့ အဖွဲ့ ။
လူသုံးလေးဦးပဲ ရှိပါတယ်။ မများပါဘူး။
ယနေ့ အထိ ဘာညီလာခံမှ မလုပ်ပဲ တစ်သက်လုံး ပါတီဥက္ကဌလုပ်ပြီး ချင်းမိုင်မှာ အင်္ဂလိပ်မ အဘွားကြီး ဂျက်ကီရဲ့ ဗိုက်ကိုပွတ်ပြီး ချူစားနေတယ်လို့ ပဲပြောချင်တော့တယ်။
ဒါတော့ ထားတော့။ ကျနော်နဲ့ မဆိုင်ဘူး။
ယနေ့ အချိန်အထိ လူ့ ဘောင်သစ်ပါတီမှာ အနစ်နာခံ စွန့် လွှတ်ခဲ့တဲ့လူတွေရှိတယ်။
အားလုံးနိုင်ငံခြားကိုရောက်ကုန်ပြီ။
ဒီလူတွေကို ဘယ်နှစ်ခါများ အသိအမှတ်ပြု၊ ကျေးဇူးတင်ကြောင်းပြောခဲ့လဲ။ ကိုသံခဲကမှ ဟုတ်အုံးမယ်။
နိုင်ငံခြားရောက်သွားပြီး ဒီကောင်တွေ ငါတို့ ကိုဆော်တော့မယ် ၊ ငါတို့ ကို ဘာမှပြန်မပေးဘူး စတဲ့ ခလေးကလားဆန်တဲ့အယူအဆတွေကို လက်ကိုင်ထားတုန်းပဲ။
အခုကြည့် ဝန်ကြီးဦးအောင်မင်းနဲ့ လှေကြုံစီးတဲ့ အဆင့်ပဲရှိတဲ့ လူ့ ဘောင်သစ်။
တစ်ခါမှ ကိုယ်ကိုယ်တိုင် ထိုးဖောက် ဦးဆောင်ခဲ့တာမရှိပဲ ၊ အရေးတော်ပုံကြီးထဲမှာ မိုးရွာတုန်းရေခံတဲ့အဆင့် ၊ လှေကြုံလိုက်တဲ့ အဆင့်ပဲ ဖြစ်နေပြီ။
အမြဲတန်းလိုလို ကျနော်တို့ နိုင်ငံခြားမှာ ရောက်နေတဲ့ ပါတီဝင်တွေကို ဘယ်နှစ်ခါများ သူတို့ ဘာလုပ်နေလဲဆိုတာ အဆက်အသွယ်လုပ်ခဲ့လဲ။
လိုအပ်မှ သတိရတဲ့ ပုံစံတွေချည်းပဲ။
အမေရိကန်ပြည်ထောင်စုနဲ့ နော်ဝေမှာတင် လူ့ ဘောင်သစ်တွေနဲတာမဟုတ်ဘူး။
ဒီလူတွေအားလုံးက နယ်စပ်က ဗဟိုဦးဆောင်ကော်မတီကို အယုံအကြည်ရှိလားဆိုတာကိုလည်း စမ်းစစ်ကြည့်ပါအုံး။
ပြီးမှ သူတို့ ဆီက အကြံညာဏ်တောင်းပါ။
တစ်ခုတော့ အဓိကပြောချင်တယ်။ ဒါကတော့ အကြံတွေတောင်းခဲ့ပါတယ်၊ သူတို့ လည်းသဘောတူပါတယ်၊ ဒါ့ကြောင့် ကျနော်တို့ ဒီလို ဆုံးဖြတ်တာပါ။ ကျနော်တို့ အနောက်မှာ ပါတီဝင်ပေါင်းသိန်းကျော် ရှိနေပါတယ် စတဲ့စကားလို၊ ဒုတိယ အင်အား အကြီးဆုံး ပါတီဖြစ်ပါတယ်ဆိုတဲ့ စကားလို၊ အီစီကလီပြောဖို့ တော့ မကျိုးစားပါနဲ့ ။
သိတယ်မှတ်လား။ အခြေအနေတွေပြောင်းကုန်ပြီ။
ဒေါ်စုတောင် ပါတီသစ်နဲ့ ရွေးကောက်ပွဲ ဝင်နေပြီ။
ဦးဆောင်မှုအသစ်လည်းပြောင်းနေပြီ။
ဒါတွေသဘောပေါက်ဖို့ လိုပြီ။ ဒါ့ကြောင့် ကိုအောင်မိုးဇော်၊ ကိုငွေလင်း၊ ကိုတိုးတိုးထွန်းနဲ့ အားလုံးသော နယ်စပ်က လူ့ ဘောင်သစ် ဗဟိုဦးဆောင်ကော်မတီကို ပြောချင်တာက မလိမ်ပါနဲ့ ။ အရှိကိုအရှိတိုင်းပြောပါ။
ခင်ဗျားတို့ အုပ်စုကို ခင်ဗျားတို့ ပဲ ကိုယ်စားပြုပါ။
ကျန်တဲ့လူတွေကို ဆွဲမထည့်ပါနဲ့ ။

0 comments:
Post a Comment